Friday, June 14, 2013

ချစ်ကံမွဲ၍လွဲခဲ့သည်















အလွမ်းဓာတ်အခံ လေးရှိလေတော့
ကြည့်လေလေ မြင်နေရသမျှ
လွမ်းရပြီး ချစ်သည်းရယ်
အသက်လည်း မငယ်တော့ပြီးမို့
အသဲကွဲလို့ မငိုချင်တော့ဘူး
ဟိုယခင် အတိတ်ဆီက
မေ့မရ ပုံရိပ်လွာ
ပစ်ခွဲခွာ ချစ်ပါလျက်ကယ်နဲ့
ချစ်ကြမ္မာ ကံကမွဲလေတော့
ချစ်ကံမွဲ၍ လွဲခဲ့သည်...........။
         







  အောင်ဆန်းလင်း

Wednesday, June 12, 2013

လွမ်းဆု








မမြင်ကြာ၍
မမေ့စေလို ဆုပန်ဆိုမည်
သူလည်းကိုယ့်လိုလွမ်းပါစေ
ကိုယ့်အနာမှာ စကားချိုသာ
ရှိစဉ်အခါက ရင်မှမေတ္တာ
ယုံကြည်ပါလည်း ခွဲခွာခုနေ
ဝေးတမြေမှာ
 မေ့မှာစိုးမိ သူမသိပေ
    ခဏဝေးလည်း အတွေးမှာမြင်
   ရင်မှာသူရှိ သတိရနော်
           သြော်မှာမဆုံး ဖုန်းမဆက်သာ
        စာမရေးအား မေ့များနေမလား
   မဖြေကြားတတ် မမြင်ကြာ၍
   မမေ့စေလိုဆုပန် ဆိုမည်
          သူလည်းကိုယ်လို လွမ်းပါစေ..........။
 
 
 
              အောင်ဆန်းလင်း

ဓာတ်ပုံထဲကဝေဒနာ


ကြင်နာသယောင်နဲ့
ရင်နာအောင်ပြုတဲ့သူ
ထွေးပွေ့အောင်ပြုတဲ့သူ
ဘေးတွေ့အောင်ပြုတဲ့သူ
ယိမ်းနွဲ့သလိုလိုနဲ့
စိမ်းတဲ့ဟန်များတဲ့သူ
သူဘယ်သူလဲ မဟုတ်မှလွဲ
ဒုက္ခထဲက ခံစားချက်
ပျာရည်စက်သဏ္ဌာန်
အခါရည်ချက်ဟန်လေးတွေနဲ့သူ
အို.......ငြူစူတဲ့အကြည့်
စူနေသည် နူတ်လွှာ
တွန်လာသည့် မျက်ခုံး
မျက်လုံးကလေး ထောင့်ကပ်
ရပ်နေသည်ဟန် မရှင်သန့်သည်အချစ်
အမုန်းနဲ့ ပေးဆက်
အရူံးနဲ့ ပြေးထွက်စေခဲ့တာလားသူရယ်
အောင်ဆန်းလင်း........။

ချစ်သူ

















ပန်းလေးတစ်ပွင့်ကို နွမ်းလို့ဆိုပြီး
ပစ်ဖူးရင်  ပစ်ဖူးကြလေ့မယ်
လူတစ်ယောက်ကို လွမ်းဖို့သက်သက်နဲ့
ဘယ်သူက ချစ်ချင်မှာလဲ
ပစ်ဖူးတဲ့ ပန်းကလေးကို
သတိမရရင်တောင် ချစ်ဖူးတဲ့
ဒီလူရင်မှာ မထိရှဘဲ
နေပမလား ချစ်သူ....။

      အောင်ဆန်းလင်း

Monday, June 10, 2013

ချစ်သူ












ချစ်သူကွယ်ရာ ရောက်နေပါလည်း
(တကယ်ပါ)................
ကွယ်ရာဆိုတာ မရှိပါလေ
ဘယ်မှာထိုင်ထိုင် ............
ဘယ်တိုင်းသွားသွား............
ဘယ်နားရပ်ရပ်..................
ဘယ်ရပ်ရောက်ရောက်
အောက်မေ့ငြိတွယ် ဘယ်ချိန်ဖြစ်ဖြစ်
ချစ်သူအမြဲရှိပါသည်................။

                                             အောင်ဆန်းလင်း

လွမ်းတယ်ဆိုမလား


မြင်နေကျမို့
မြင်နေမှသာ ရင်ခုန်စွာဖြင့်
ထာဝရလေ တွေ့နေချင်မိ
သတိရတယ် လွမ်းတယ်ဆိုမလား
တကယ်ဆိုရင် ငြိုငြင်မှာစိုး
တိတ်တခိုးဖြင့် မြတ်နိုးသူအတွက်
ညစဉ်မက်သည် အိပ်မက်မှာတော့
ချစ်သူပေါ့ မျက်နှာဆိုင်၍
တွေ့ပြီးဆိုလည်း ရင်ထဲချစ်စိတ်
သိုသိပ်ဟန်ဆောင် ယောင်လို့သော်မှ
မော်မကြည့်ဝံ့ စိုးရွှံ့လိုင်မော
ပြောမည်စုထား ချစ်စကားတွေ
လူပ်ရှားဗလာ နူတ်ဖျားမှာပင်
                                                             ညင်သာပျောက်လွင့် သည်လို့နှင့်ပဲ
                                              ပင့်သက်မောတို့ များခဲ့ပြီး
                                                               အောင်ဆန်းလင်း................။
                                                      

အချစ်စိတ်

မင်းထက်လှတာတွေ
ဘ၀မှာလေ တွေ့စေဦး
ချစ်ရိပ်ရယ်ကြောင့်
မောင့်စိတ်မှာ အထင်ရောက်တယ်
မင်းလောက်လှဘူး
      အောင်ဆန်းလင်း.......။

သာလိကာမလေး



















မျက်နှာလွဲလို့
လမ်းခွဲရတော့
ခဏဝေးလဲ
လွမ်းမှာပဲနော်
သြော် ဘယ်နေ့မှာ
ပြန်လာမလဲ
မျက်ရည်ဝဲလို့
မေ့ပဲ မေ့တတ်နိုင်လွန်းသည်.........။

           အောင်ဆန်းလင်း

Sunday, June 9, 2013

လွမ်းဆု

မမြင်ကြာ၍
မမေ့စေလို ဆုပန်ဆိုမည်
သူလည်းကိုယ့်လိုလွမ်းပါစေ
ကိုယ့်အနာမှာ စကားချိုသာ
ရှိစဉ်အခါက ရင်မှမေတ္တာ
ယုံကြည်ပါလည်း ခွဲခွာခုနေ
ဝေးတမြေမှာ အနေကြာရင်
မေ့မှာစိုးမိ သူမသိပေ
ခဏဝေးလည်း အတွေးမှာမြင်
ရင်မှာသူရှိ သတိရနော်
သြော်မှာမဆုံးဖုန်းမဆက်သာ
စာမရေအား မေ့များနေမလား
မဖြေကြားတတ် မမြင်ကြာ၍
မမေ့စေလို ဆုပန်ဆိုမည်
သူလည်းကိုယ့်လို လွမ်းပါစေ
           အောင်ဆန်းလင်း.......။

ဟို အတိတ်ကသဏ္ဌာန်

ရည်သန်တောင့်တ
ငယ်ငယ်ကဘ၀ကို
ပိုလို့သတိရမိတယ်
အရွှယ်ဆယ်ကျော်သက်
ကျောင်းတတ်ကျောင်းဆင်း
ဘေးချင်းယှဉ်ထိုင်
လက်ချင်းဆက်လို့
အချစ်ချင်းပြိုင်ခဲ့ကြ
စိတ်ကမငြူစူ
မြူမျှအပြစ်မယူဘဲ
တစ်စိတ်တည်း တစ်ဝမ်း
မခွဲတမ်းချစ်ခင်ကြ
အမြဲတမ်းသက်ဝင်ယုံကြည်တယ်နော်
သြော်...........သူရယ်
တို့နှစ်ယောက်ဘဝ
အရင်ကတော့ နှစ်ကိုယ်တူနှယ်
အခုများတော့ တစ်နယ်စီ
ဝေးကြပြီ ဆိုပေမယ့်လည်း
ရင်ထဲက နှလုံးသား

 မင်းလေးရဲ့ တွန်းအားအဖြစ်
တစ်သက် တစ်ဘဝ
အသက်တစ်မျှ နုသစ်နေပမယ်
              အောင်ဆန်းလင်း........။



အလွမ်းသမားလေးပြန်ရဦးမယ်

ဒို့ပြန်ခဲ့ရရင်ကွယ်
ခင်မင်တယ်ဆိုတဲ့ စကား
ရင်ခွင်မှာ သိမ်းထားဖို့
လက်ဆောင်ပေးလိုက်မှာလား
အမုန်းများကို ဒို့မလိုချင်
အပြုံးပန်းကို လိုချင်မိ
မြင်ခဲ့ဖူးတဲ့ မျက်နှာလေး
တင်ခဲ့ဖူးတဲ့ ကျေးဇူး
အချိန်တိုင်းမှာ အမှတ်ရမိ
ဆောင်းနှင်းတွေကြွေကာကျ
ငါဘ၀တော့ လွမ်းရက်ဝေ
အမှန်းတွေ မကိုက်လေတော့
စခန်းခြေလာရာလမ်းသို့
အလွမ်းသမားလေး ပြန်ရဦးမယ်
နူတ်ဆက်ခဲ့ပါတယ် ကောင်မလေးရယ်
        အောင်ဆန်းလင်း........။

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks